25 C
Yangon

ရခိုင်တပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သား ၂၇၀ ကျော် မနက်ဖြန် စစ်တွေသို့ ပြန်ပို့မည်

Must read

ရခိုင်တပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သား ၂၇၀ ကျော် မနက်ဖြန် စစ်တွေသို့ ပြန်ပို့မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ပလက်ဝ ဒေသကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး ထပ်မံထွက်ပြေးသွားသူများ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် အပတ်တွင်းက ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပလက်ဝဒေသကနေ အိန္ဒိယနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်နေ့ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ကို မနက်ဖြန် ဇန်နဝါရီ ၂၂ ရက်နေ့ ရခိုင်ပြည် စစ်တွေသို့ ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AAနှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့သို့ စနေနေ့က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်နဝါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများကို ကိုးကားပြီး All India Radio News တွင် ဖော်ပြထားသည်။

၎င်းတို့ကို မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းနှင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၇၀ ကျော်ထဲတွင် အရာရှိ ၃၆ ဦးပါဝင်ပြီး ၂၄၀ မှာ ရိုးရိုးတပ်သားများဖြစ်ကြကြောင်း ယင်းအထဲတွင် ၁၁ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိကြသည်ဟု All India Radio News က ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ပလက်ဝမြို့တိုက်ပွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းတို့ကို AA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသည် အိန္ဒိယ ဘက်ခြမ်းသို့ ထွက်ပြေးသွားကြသည်။

ပလက်ဝအတွင်း AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာတွင် ၃ ကြိမ်၊ ဒီဇင်ဘာတွင် ၁ ကြိမ်နှင့် ၂၀၂၄ ဇန်နဝါရီတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိလာခဲ့ပြီ စစ်ကောင်စီတပ်သား ထွက်ပြေးသည် အရေအတွက် ၆၀၀ ကျော်လာပြီးဖြစ်သည်။

ယင်းကဲ့သို့ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယစစ်တပ် က မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီထံ ရခိုင်ပြည်စစ်တွေမြို့မှ တစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း Western News မှ စုံစမ်းသိရှိရသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ ရက်နေ့ ကြေညာခဲ့သည်

ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေဖြင့် အသွားအလာ အထူးသတိထားကြရန် AA အသိပေးထုတ်ပြန်ထားသည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article