25 C
Yangon

ပြည်သူများ စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်မြို့ပေါ် ကျူလယာတန်း တွင် မီးလောင်ပြီး အိမ်ခြေ ၅၀ ထက်မနည်းမီးလောင်ပြာကျ၊ မီးလောင်နေချိန် လူမရှိ၍ မီးပိုကြီးသွားခဲ့ပြီး ရှို့မီးဟုဆို

Must read

ပြည်သူများ စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်မြို့ပေါ် ကျူလယာတန်း တွင် မီးလောင်ပြီး အိမ်ခြေ ၅၀ ထက်မနည်းမီးလောင်ပြာကျ၊ မီးလောင်နေချိန် လူမရှိ၍ မီးပိုကြီးသွားခဲ့ပြီး ရှို့မီးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် အမှတ် ၅ ရတနာလမ်း၊ ကျူလယာတန်း တွင် ယနေ့ ညနေပိုင်း မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၅၀ ထက်မနည်း ပြာကျ သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်မှစတင်၍ ကော့က ရိတ်မြို့၊ အမှတ် ၅ ရတနာလမ်း၊ ကျူလယာတန်းတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ် ပြီး မြို့ပေါ် ပြည်သူများမှာ စစ်ဘေးရှောင်နေရသဖြင့် မြို့ပေါ်တွင် လူမရှိ ကြောင်း၊ မီးသတ်ကားကလည်း လာရောက်ငြိမ်းသတ်ခြင်းမရှိခဲ့ကြောင်း၊ လက်ရှိတွင် မီးညွန့်ကျိုးသွားပြီဖြစ်သော်လည်း လှိုက်လောင်နေဆဲဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ ရှို့မီးဟု ယုံကြည်ရကြောင်း ကော့ကရိတ်မြို့မှ စစ်ဘေး ရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

“မြို့ပေါ်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်နေလို့ အားလုံးက စစ်ဘေးရှောင်နေရတာ။ အဲဒါ အိမ်ကို မီးရှို့ရာက လောင်တယ်။ မီးသတ်ကားက လုံး၀ မလာဘူး။ မီးလာမသတ်ဘူး။ အိမ်ခြေတော့ တော်တော်များတယ်။ ပါသွားတာ။ ၅၀ ထက်တော့ မလျှော့လောက်ဘူး။ အများကြီးပဲ။ လူမရှိတော့ မီးက ပိုကြီး တာပေါ့။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကော့ကရိတ်မြို့ပေါ်တွင် စစ်တပ်က မကြာခဏဆိုသလို ပြည်သူများ နေထိုင်သော ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူများ မည်သူမှ မနေရဲတော့ဘဲ ထွက်ပြေးရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“တိုက်ပွဲတွေဖြစ်တုန်းက ရဟတ်ယာဉ်နဲ့ ပစ်တယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒါကြောင့် ဘယ်သူမှ မနေရဲတော့ဘူး။ အကုန် ထွက်ပြေးရတာ။ မနေရဲအောင်ကို လက်နက်ကြီးတွေ ဗုံးတွေကျဲခဲ့တာလေ စစ်တပ်က။ အခုလည်း သူတို့ လက်ချက်လို့ပဲ ထင်တာပဲ” ဟု အမှတ် ၅ ရတနာ လမ်းနေထိုင်သူ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရှင်းပြသည်။

မီးလောင်ကျွမ်းမှု မတိုင်ခင်က ကော့ကရိတ်မြို့ပေါ်တွင် စစ်တပ်နှင့် တော်လှန် ရေး တပ်များအကြား နှစ်ဖက် ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း ဒေသပြည်သူ တချို့ က ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article