28 C
Yangon

ကွတ်ခိုင်၊ နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 အပျက်အစီးများ KIA က တွေ့ရှိ

Must read

ကွတ်ခိုင်၊ နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 အပျက်အစီးများ KIA က တွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 ၏ အပျက်အစီးများ KIA က ယနေ့ တွေ့ရှိရကြောင်း KIA သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ FTC 2000G တိုက် လေယာဉ်ကို KIA က ပစ်ချခဲ့ပြီး ယင်းလေယာဉ်သည် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ ဖြစ် ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် တိုက်လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊လေယာဉ်မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ပြီး ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက်ခွာ သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နမ့်ဖတ်ကာမှာ တပ်စခန်းတွေ အားလုံးသိမ်းဆည်းပြီးမှ တွေ့တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါလေယာဉ်သည် FTC2000G တိုက်လေယာဉ်အမှတ် 1405 ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိ ခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် FTC 2000 G တိုက် လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက် မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

KIA က ပစ်ချလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ပိုင် လေယာဥ်နှင့် ရဟတ်ယာဉ် ၄ စီးရှိနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်၊ ၂၀၂၂ ခုနှစ်တွင် Mi35 ရဟတ်ယာဉ်၊ ၂၀၂၄ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်နှင့် FTC2000G တိုက်လေ ယာဉ်တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ်လုပ် FTC 2000 G မပျက်ကျမီ ပုံနှင့် ပျက်ကျအ‌ပြီး ပုံများကို နှိုင်းယှဉ်ဖော်ပြထားပါသည်။

(လေယာဉ်ပျက် ဓာတ်ပုံများကို Myu Tsaw Kasa က ပေးပို့သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article