26 C
Yangon

ဆားတောင်မြို့မ ရဲစခန်း ဒရုန်းဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဆားတောင်မြို့မ ရဲစခန်း ဒရုန်းဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မရဲစခန်းကို ဒရုန်းဖြင့် ၈ ကြိမ်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကြောင်း People’s knight Defense Force Myinmu ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဆားတောင်မြို့မ ရဲစခန်းကို ဒရုန်း ၃ စီးဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ခြင်း စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ စခတွေရဲ့ ရာထူးအဆင့်တော့ မသိရသေးဘူး။ သူတို့ဘက်က ဒရုန်းကိုတော့ လိုက်ပစ်တယ်ဗျ။ ပူးပေါင်း စစ်ဆင်ရေးပါ”ဟု People’s knight Defense Force Myinmu ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖလက်အောက်ခံ People’s knight Defense Force Myinmu Drone တပ်ဖွဲ့နှင့်အတူ DROP FOR JUSTICE PDF နှင့် အခြားသော ဒေသခံမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် ဖောင်ချဉ်းကျေးရွာအတွင်း တပ်စွဲအထိုင်ချထားသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ပြီးနောက် ဆူးဖြူကုန်းကျေးရွာသို့ အကြမ်းဖက်စစ်သားများ ပြောင်းရွှေ့တပ်စွဲခဲ့မှုကိုလည်း ထပ်မံ၍ ဗုံးသီး ၃ လုံးကျဲချ၍ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖောင်ချဉ်းကျေးရွာအတွင်း တပ်စွဲအထိုင်ချထားသည့် အကြမ်းဖက်စစ်တပ် အင်အား ၈၀ ခန့်ကို Fixed Wings ဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားများသည် ဆူးဖြူကုန်းကျေးရွာသို့ ပြောင်းရွှေ့တပ်စွဲခဲ့ကြောင်း၊ ၎င်းတို့ တပ်စွဲရာ နေရာကို ဇန်နဝါရီလ ၂၃ ရက်နေ့တွက် ဗုံးသီး ၃ လုံးထပ်မံကျဲချခဲ့ပြီး ထိခိုက် သေဆုံးမှုကို စုံးစမ်းဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းနှင့်အတူ Myingyan District Drone Strike (အမှတ်1848)ဒရုန်းတပ်၊ Shar Htoo Waw နည်းပညာ team 2၊ မလိုင်မြိုနယ် ပကဖ(MHLG Wing)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article