အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အာဏာရှင်သက်ဆိုးတရက်ရှည်လေ၊ပြည်သူတရက်ဒုက္ခပိုရောက်လေမို့ အပြောတွေလျှော့ကြ၊အလုပ်တွေနဲ့ပို၍တော်လှန်ကြဖို့လိုအပ်ပါတယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

