24 C
Yangon

ရေးတံတားကြီးဂိတ်တွင် ဆပ်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

ရေးတံတားကြီးဂိတ်တွင် ဆပ်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ရေးတံတားကြီးဂိတ်တွင် ဆပ်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Dawna Column တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးတံတားကြီးတွင် ခရီးသွား ပြည်သူများထံမှ ဆပ်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေါနစစ်ကြောင်း စနိုက်ပါတပ်စုက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ သေဆုံးသွားသော ရဲအလောင်းကို လူနာတင်ယာဥ် ၂ စီးဖြင့် လာရောက် သယ်ဆောင်သွား​ပြီး ဒဏ်ရာရသူများနှင့် သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article