28 C
Yangon

ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပခုက္ကူမြို့ရှိ အမှတ် ၁၁ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပခုက္ကူမြို့ရှိ အမှတ် ၁၁ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့စစ်ကြောင်းကို ၃ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရေစကြိုမြို့တပ်အတွင်းမှ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ရန် ထွက်လသော စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် လိုက်လံဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် များက ပြည်သူများကို ဓားစာခံဖမ်းဆီးပြီး ရှင်မတောင်ပေါ်သို့ တက်ရောက်လာသဖြင့် ပြည်သူများ မထိခိုက်စေရန် အထူးဂရုစိုက် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

“သူတို့က အရင်တစ်ခေါက်သွားတုန်းက အပေါ်အထိ ရောက်မသွားဘူး၊ အဲဒါကြောင့်အခုအခေါက်ကျ တော့ အနီးအနားရွာတွေက ပြည်သူတွေကို ဖမ်းဆီးပြီး အထုပ်တွေ ထမ်းခိုင်းတာ၊ အဲဒါဆိုတော့ ပြည် သူတွေမထိအောင် ပြည်သူတွေနဲ့ စစ်ခွေးတွေ ဝေးသွားတဲ့အချိန်မျိုးမှ တိုက်ခိုက်ခဲ့ရတာ၊ ရိက္ခာတွေ စုပုံထားတဲ့အချိန်မှာ အဲဒီရိက္ခာပုံပေါ်ကို ဗုံးသီး တစ်လုံးချနိုင်ခဲ့တယ်” ဟု Young Force – UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Ranger (Pakokku) ၊ Young Force – UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်း ၁ စီး ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၁ ရက်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရုံး အဆောက် အအုံ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက် နေ့က ပခုက္ကူမြို့၊ အမှတ် ၁၁ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လက် အောက်ခံ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ ထိခိုက်မှုရှိ၊ မရှိ မသိရသေးကြောင်း သိရသည်။

“အဲဒီရုံးက အတော်ဆိုးတယ်၊ အရင်အုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင်နှုတ်ထွက်တဲ့ချိန်ကလည်း နှုတ်ထွက်ခဲ့ပေမယ့် နောက်ကွယ်ကနေ လုပ်နေတာ၊ အခုလဲအဲလိုပဲ၊ ရုံးအဆောက်အအုံတော့ ပျက် စီးမှုရှိတယ်လို့ သိရတယ်၊ လူထိ၊ မထိတော့ မသိရဘူး” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Young Force – UG တပ်ဖွဲ့အနေဖြင့် မြို့တွင်းမစ်ရှင်များကို အခက်အခဲအချို့ကြောင့် ရပ်နားထားခဲ့ ပြီး ယခုတဖန်ပြန်လည် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပူး ပေါင်းပါဝင်ပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article