27 C
Yangon

ကော့ကရိတ်မြို့ပေါ် အလက -၂ တောင်ပေါ်ရပ်လမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး၊ စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ကော့ကရိတ်မြို့ပေါ် အလက -၂ တောင်ပေါ်ရပ်လမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး၊ စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် အလက – ၂ တောင်ပေါ်ရပ်လမ်းဆုံအနီး၌ တိုက်ပွဲဖြစ်ပြီး စစ် ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ကော့ကရိတ်မြို့၊ အလက -၂ တောင်ပေါ်ရပ်လမ်း ဆုံကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီ တပ် သားများနှင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီ နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးကာ ပြည်သူ့နေအိမ်များကို မီးရှို့ပြီး ဆုတ်ခွာသွားကြောင်း သိရသည်။

“ခွေးအသေအပျောက်က အနည်းဆုံး ၁၀ ဦးလောက်ရှိမယ်၊ အိမ်တွေမီးရှို့ပြီး ပြန်ဆုတ်သွားပါတယ်၊ မီးရှို့ခံရတဲ့ အိမ်က ရာနဲ့ချီရှိပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်များမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ကော့ကရိတ်မြို့နေရာ အနှံ့အပြားတွင် နေ့ စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်မှ စ၍ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း အသုံးပြုကာ ကော့ကရိတ်မြို့ အလုံစုံ ပျက် သုန်းရေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး မိဘပြည်သူများအနေဖြင့် မြို့တွင်း ပြန်လည်ဝင် ရောက် နေထိုင်ခြင်းမပြုကြရန် ကျားဖြူစစ်ကြောင်းက သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article