37 C
Yangon

သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီး

Must read

သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်း တပ်စခန်းက သထုံမြို့နယ်၊ ဓနုကျေးရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ဓနုရွာဘုန်းကြီးကျောင်းဝင်းအတွင်း ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၁ လုံး လက်နက်ကြီးကျည်စ ထိမှန်ကာ ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများ အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ က ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခန့် တွင် လက်နက် ကြီး ၁ လုံး၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ကြောင်း၊ အလားတူ အမတ-၃၁၄ က နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး၊ အမတ-၄၀၂ နှင့် ခမရ-၂၀၆ မှလည်း ညနေ ၆ နာရီ ၄၄ မိနစ်တွင် လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပိန္နဲတောတပ်စခန်းကလည်း ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၂ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး ၃ လုံး၊ ခမရ-၉ က မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် လက်နက်ကြီး ၃ လုံး၊ အမတ-၃၁၄ နှင့် ခလရ-၈ က ည ၇ နာရီခန့်တွင် လက်နက်ကြီး ၁၆ လုံး၊ အမတ-၄၀၂ က ည ၇ နာရီ ၄၄ မိနစ်တွင် လက်နက်ကြီး ၁၀ လုံးတို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article