27.1 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ်က KTV မှ ပြန်လာသည့် လူငယ် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်

Must read

မြင်းခြံမြို့နယ်တွင် စစ်တပ်က KTV မှ ပြန်လာသည့် လူငယ် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က KTV မှ ပြန်လာသည့် လူငယ် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာ အနီးရှိ ကားလမ်းပိုင်းတွင် KTV မှ ပြန်လာသော လူငယ် ၅ ဦးသည် အကြမ်းဖက် စစ်တပ် ပတ်ကင်းနှင့် တွေ့ဆုံကာ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခဲ့ပြီး မျက်နှာကို အဝတ်စီး၍ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သော လူငယ် ၅ ဦးမှာတောင်သာမြို့နယ်၊ အုတ်တိုက်တောရွာမှ အသက် ၁၉ နှစ်အရွယ် မောင်တင်မျိုးခိုင်၊ အသက် ၂၅ နှစ်အရွယ် မောင်ခိုင်ဝေဖြိုး၊ အသက် ၁၉ နှစ်အရွယ် မောင်ခန့်ချော၊ အသက် ၁၉ နှစ်အရွယ် မောင်မြတ်သူနှင့် တောင်သာမြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သော မောင်မွှားတား တို့ ဖြစ်ကြောင်း သိရသည်။

” ည ၁ နာရီ ဝန်းကျင်လောက် အဲကလေးတွေက KTV က ပြန်လာတာလို့ သိရတယ်။ အဲကလေးတွေက စစ်ကားနဲ့ ကင်းလှည့်လာတဲ့ စစ်ခွေးတွေနဲ့ တိုးပြီး ဖမ်းဆီးခံရတာ ကလေးတွေကို စစ်ခွေးတွေက ဖမ်းဆီးပြီး မကျီးသမျှားရွာ အနီးက ကားလမ်းပေါ်မှာ သတ်ဖြတ်ခဲ့တာ” ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article