25 C
Yangon

တနင်္သာရီမြို့နယ်နှင့် ရေတာရည်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်နှင့် ရေတာရည်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေ ဆုံးကာ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း People Defense Organization – Tanintharyi Division ထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက် နံနက် ၅ နာရီ မိနစ် ၅၀ အချိန်မှ ၉ နာရီအချိန်အထိ တနင်္သာရီမြို့နယ်၊ ညောင် ပင်ကွင်း ရွာအခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ တို့ ညောင်ပင်ကွင်းရွာတံတား၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထို့အပြင် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်မှ ၁၂ နာရီအချိန်အထိ ညောင်ပင် ကွင်း အရှေ့ကမ်းကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် KTLA တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီ ၂၅ မိနစ်မှ ၆ နာရီ ၄၂ မိနစ်အထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီ မိနစ် ၂၀ မှ ၁၁ နာရီ ၄၅ မိနစ်အထိတစ်ကြိမ် တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာအနီး ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၅၆၁ ၊ ၄၃၂ ၊ ၁၀၁ နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ပြည်သူ့ ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ၊ KTLA နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၆ ရက် နံနက် ၂ နာရီ မိနစ် ၃၀ မှ ၂ နာရီ မိနစ် ၅၀ အချိန်အထိ တနင်္သာရီမြို့ နယ်၊ ထုံ‌တော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ် ကြောင်း ၁ တို့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ သည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီး ဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၂ ၏ တပ်ခွဲ ၁ ၊ တနင်္သာရီ ပကဖနှင့် မြိတ်ပကဖ တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး မဟာမိတ် အင်အားစုများနှင့် ပူးပေါင်း၍ စစ်ဆင်ရေးတိုးမြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာတွင် ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးလာသော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က အင်းအား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်သား များက ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူများကို လိုက် လံပစ်ခတ် ဖမ်းဆီးခဲ့ကာ လက်ပြန်ကြိုးတုတ်ပြီး လူသားတံတိုင်း အဖြစ် အသုံးပြုပြီး ကဲလင်းဆိပ် ကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း တို့တွင် ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

ထိုသို့ လူသားဒိုင်းကာများဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို ရှေ့ဆက်တိုးမလာ စေရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ ထိခိုက်မှုမရှိစေသည့် နည်းလမ်းအသုံးပြု၍ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဟန့်တားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ဆက်လက်တပ်စွဲခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ည ည ၈ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ အနီးဆုံး အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ချဉ်းကပ်ကာ ရှေ့ထွက်မိုင်း ပြောင်း ဆင်၍ ပြည်သူများ ထိခိုက်မှုမရှိစေသည့် နည်းလမ်းဖြင့် ဟန့်တား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက ည ၁၁ နာရီအချိန်တွင် ဖမ်းဆီးချုပ်နှောင်ထားသော ပြည်သူများထဲမှ လူလတ်ပိုင်းနှင့် ကျောင်းသား လူငယ်များကို ရွေးထုတ်ပြီး စစ်တောင်းမြစ်ကို ဖြတ်ကူးကာ ကတို့ကုန်းကျေးရွာဘက်သို့ ဆုတ်ခွာ သွားကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို ပုဝါနီစစ်ကြောင်း၊ နေပြည်တော် PDF နှင့် သံတောင်မြောက်ပိုင်းအထူးဒေသမှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article