25 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် ကန်နီ ပျူစောထီးရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် ကန်နီ ပျူစောထီးရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ စီမံကိန်းရုံး၊ ဂိုဒေါင်နှင့် အထက ၂ ကျောင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က မြိုင်မြို့မရဲစခန်းကို ဗုံးသီး ၃ လုံး၊ စီမံကိန်းရုံးကို ဗုံးသီး ၂ လုံး၊ ဂိုဒေါင်ကို ဗုံးသီး ၂ လုံး၊ အထက ၂ ကျောင်း၌ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံး သီး ၁ လုံး တို့ကို ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ သူရိန် နှင့် ကိုလင်းမြွေ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းတပ်သားများ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို တာဝေးပစ် Rocket များဖြင့် အလုံး ၄၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ဆင်းရိုင်းရာဇာ၊ ဗိုလ်မြွေဆိုး ၊ စနေမင်း နှင့် နှလုံးလှ လူမိုက်အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article