25 C
Yangon

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တစ်လတည်းတွင် စစ်ကောင်စီ၏ လေယာဉ်နှင့်ရဟတ် ယာဉ် ၄ စီး ပစ်ချခံရခြင်း၊ ပျက်ကျမှုများ ဖြစ်ပေါ်

Must read

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တစ်လတည်းတွင် စစ်ကောင်စီ၏ လေယာဉ်နှင့်ရဟတ် ယာဉ် ၄ စီး ပစ်ချခံရခြင်း၊ ပျက်ကျမှုများ ဖြစ်ပေါ်

■ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်း စစ်ကောင်စီက လေယာဉ်နှင့်ရဟတ်ယာဉ် ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၂ ဒသမ ၅ ဆုံးရှုံး

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အပါအဝင် စုစုပေါင်း ၄ စီးဟာ ဇန်နဝါရီလ တစ်လတည်းမှာ ပျက်ကျတာ၊ ပစ်ချခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေတပ်ဟာ ပြည်သူတွေ ရာချီသေဆုံးစေခဲ့တဲ့ ဗုံးကျဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ကို စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ မုန်းတီးမှုနဲ့ ကျိန်စာတိုက်မှုတွေ ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းမှာတော့ လေတပ်ရဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ စုစုပေါင်း ၄ စီး ပျက်ကျသွားတယ်။ အဲဒီ ပျက်ကျမှုတွေဟာ ပြည်သူတွေရဲ့ ကျိန်စာ သင့်တာလို့ ပြောဆိုသုံးသပ်မှုတွေ ရှိနေပြီး တော် လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း

၁-ကချင်ပြည်နယ်တွင် Mi-17 ရဟတ်ယာဥ် ပစ်ချခံရခြင်း

=================================

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့စခန်းကို ရိက္ခာနဲ့လက်နက်လာပို့တဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့တယ်။ ရဟတ်ယာဉ်ပေါ်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း၈ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိစျေးကွက်မှာ ရုရှားနိုင်ငံထုတ် Mi17 ရဟတ်ယာဉ်တစ်စီးရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်း ဝန်းကျင်ရှိနေတယ်လို့ သိရှိရပါတယ်။

၂-တရုတ်လုပ် FTC 2000G တိုက်လေယာဉ် ပစ်ချခံရခြင်း

================================

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့တဲ့ စစ်ကောင်စီရဲ့ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့တယ်။ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် တန်ဖိုးကတော့‌ အမေရိကန်ဒေါ်လာ ၈ သန်းခွဲ တန်ကြေးရှိပါတယ်။

၃-အိန္ဒိယမှာ စစ်ကောင်စီရဲ့ တရုတ်လုပ် Shaanxi Y-8 ပြေးလမ်းချော် ပျက်စီး

===========================================

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်သားတွေကို မြန်မာနိုင်ငံပြန်ခေါ်ဖို့ သွားတဲ့ စစ်ကောင်စီရဲ့ Y8 လေယာဉ်က မီဇိုရိမ်ပြည်နယ်ရဲ့ လေဆိပ်မှာ ပြေးလမ်းချော်ပြီး ပျက်စီးသွားပါတယ်။ လေယာဉ်ဟာ ၃ ပိုင်းကျိုးသွားတာမို့ ရစရာမရှိအောင် ပျက်စီးသွားပါတယ်။

စစ်ကောင်စီရဲ့ Shaanxi Y-8 လေယာဉ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀ ဖြစ်ပါတယ်။

၄-စစ်ကောင်စီရဲ့ Eurocopter 365 ရဟတ်ယာဉ် ပစ်ချခံရခြင်း

===================================

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီရဲ့ Eurocopter 365 ရဟတ်ယာဉ်တစ်စီးကို ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်မှာ ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပျက်ကျသွားခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကမှ တပ်တော်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီရဟတ်ယာဉ်မှာ လိုက်ပါတဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ပါတယ်။

၅- ကချင်ပြည်နယ်မှာ Mi 35 ရဟတ်ယာဉ် ပစ်ချခံရခြင်း

===============================

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ၂၀၂၁ ခုနှစ် မိုးမောက်မြို့ မြို့သစ်နဲ့ ကုန်းလောကြားမှာ စစ်ကောင်စီရဲ့ Mi35 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်‌ မတော် KIA က ပစ်ချခဲ့ပါတယ်။ ရဟတ်ယာဉ် ပျက်ကျပြီးတော့ လေယာဉ်မှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကတော့ အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ကြေးရှိပါတယ်။

၆-ကရင်နီ ဘော်လခဲမှာ စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချ

==================================

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကရင်နီ ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ချခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ပြောပါတယ်။ ဒါပေမယ့်လည်း တိုက်လေယာဉ် အပျက်အစီးမရရှိခဲ့တာမို့ အဲဒါကို စစ်ကောင်စီက တိုက်လေယာဉ်ပစ်ချခံရတာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

၇-ကရင်နီမှာ K8 တိုက်လေယာဉ်ကို ပစ်ချခြင်း

==========================

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီဒေသမှာပဲ စစ်ကောင်စီရဲ့ K8 တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။ တိုက်လေယာဉ်မှူး ၂ ဦး လေထီးနဲ့ ခုန်ထွက်ခဲ့ပြီး လေယာဉ်ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရရှိခဲ့ပါတယ်။

ပျက်ကျသွားတဲ့ K8 တိုက်လေယာဉ်ကတော့ အမေရိကန်ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိပါတယ်။

၃ နှစ်အတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့်လေယဉ် ၇ စီး ဆုံးရှုံး

====================================

စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရဟတ်ယာဉ်နှင့်လေ ယာဉ် စုစုပေါင်း ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ သန်း ဆုံးရှုံးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article