28 C
Yangon

မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ယနေ့ နံနက်အစောပိုင်း မီးတင်ရှို့နေ

Must read

မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ယနေ့ နံနက်အစောပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန် မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာ ကို စစ်ကောင်စီတပ်များက ဝင်ရောက်ပြီး မီးတင်ရှို့နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်သားများက ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက် လုယက်ပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီ တပ်စွဲထားကြောင်း သိရှိရသည်။

“သစ်ကျင်းကြီးရွာမှာရှိနေတဲ့ စစ်တပ်က တိုက်ပွဲ မဖြစ်ဘဲ မုံရွာမြို့နယ် ထန်းပင်လှကျေးရွာကို ဝင်ပြီး မီးရှို့တယ်။ ပစ္စည်းတွေ လုယက်တယ်။ နဂိုကတည်း က စစ်တပ်က သာစည်ရွာမှာ ဒီဘက်ကို လာမယ်ဆိုကြိုသိကြတော့ ပြည်သူတွေက ထွက်ပြေးကြတယ်။ ဒါကြောင့်ပြည်သူတွေဘေးကင်းပါတယ်။ အခု စစ်တပ်က ထန်းပင်လှ ဘုန်ကြီးကျောင်းမှာပဲရှိပါတယ်။ စစ်သားတွေက ဘုန်းကြီးကျောင်းထဲမှာပဲရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက မုံရွာမြို့နှင့်အနီးဆုံးကျေးရွာများကို စစ်ကြောင်းများခွဲ၍ ကင်းလှည့် ပြည်သူများပိုင်ဆိုင်သော ပစ္စည်းများကို လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးတင်ရှို့ခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article