25 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးအလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးအလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးသီး အလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်ရာ အဆောက်အအုံ ၁ လုံး မီးလောင်ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်သွားကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မောင်းမကန် နယ်မြေရဲစခန်းကို ၈၁ မမ စိန်ပြောင်းဖြင့် ဗုံးသီး ၆ လုံး၊ ၄၀ မမ 79 ဗုံးသီး ၄၂ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မောင်းမကန်နယ်မြေရဲစခန်းအတွင်းရှိ အဆောက်အအုံ ၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၁ ဦးမှာ ခြေထောက်ပြတ် ထွက်သွားကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ၇၉ မမ က ၄၂ လုံးနဲ့ ၈၁ မမ က ၆ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ အဆောက်အအုံ ၁ ခုတော့ မီးလောင်သွားတယ်။ စစ်ခွေး ၂ ကောင် ပြင်းထန်းဒဏ်ရာရပြီး ၁ ကောင် ခြေပြတ်သွားတယ်။ ဗုံးသီးတွေက လက်လုပ်တွေပါ ကျွန်တော်တို့ အစစ်တွေ မဝယ်နိုင်ပါဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန်-(၁) ရွှေသောင်ယံတပ်စု နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article