24.9 C
Yangon

ရေစကြိုမြို့နယ်၊ ဆင်မရဲရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်း

Must read

ရေစကြိုမြို့နယ်၊ ဆင်မရဲရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာ၌ ပျူစောထီးများနှင့် စစ်သားများ တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်တွင် ယင်းစခန်းကို ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီးများနှင့် စစ်သား အင်အား ၅၀ သည် ပြန်လည်ခုခံခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန် ၁ နာရီ ကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး ပျူစောထီး ၁၂ ဦးနှင့် စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့​ကာ ကျန်ရှိနေသော စစ်သားများနှင့် ပျူစောထီး များသည် တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

ယင်း စခန်းအတွင်းမှ 12 ဗို့ရှော့ဂမ်း – ၁ လက် ၊ ဆိုင်ကယ် ၅ စီး ၊ ယူနီဖောင်း – ၃ စုံ ၊ ၆၀ မမ ၂ လုံး ၊ 12 ဗို့ကျည် – ၃၀ တောင့်တို့ သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှင်းလင်းခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အကုန်ထွက်ပြေးတာ ရွာတန်း‌ရှည်နေတော့ ၂ နာရီခွဲလောက် ကြာအောင် နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့ရပါတယ်။ ဘန်ကာတွေနဲ့ ပျူစောထီး ခေါင်းဆောင်အိမ်ကိုတော့ မီးရှို့ရှင်းလင်းခဲ့ပါတယ်။ ပျူစောထီး အဖွဲ့ထဲ မပါတဲ့ ပြည်သူ ၁၅၀ ခန့်ကိုတော့ စစ်ဆေးပြီး ပြန်လွှတ် ပေးခဲ့ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို – မြင်းခြံခရိုင် တပ်ရင်း(၁) ၊ မြင်းခြံခရိုင် တပ်ရင်း(၃) ၊ မန္တလေးခရိုင် တပ်ရင်း(၅) ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၊ ၄၊ ၅၊ ၆) ၊ ပခုက္ကူခရိုင် တပ်ရင်း(၂) ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၆) ၊ ဂန့်ဂေါ တပ်ရင်း ၁၈ (YMRF) ၊ နဂါး (ပကပ တပ်ရင်း၃ မြိုင်) ၊ ကျေးရွာတပ်ပေါင်းစု (မြောင်) ၊ MBTT မြောင်ဗိုလ်တောက်ထွန်း ၊ ရေစကြို ပလဖ ၊ Royal Brother Defence Force (RBDF) ၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု ၊ PKU Special Test Force ၊ မြင်းခြံခရိုင် ဒရုန်းတပ်ရင်း (MDDS) ၊ မြင်းခြံခရိုင် တပ်ရင်း(၁) ဒရုန်းတပ်ဖွဲ့ နှင့် ကြိုးကြာ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article