25 C
Yangon

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဝတ်စုံနှင့် ပစ္စည်း တချို့ သိမ်းဆည်းရရှိ

Must read

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဝတ်စုံနှင့် ပစ္စည်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကိုရင်တောင်ခြေ၌ စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဝတ်စုံနှင့် ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတ္တရာမြို့နယ်၊ မြစ်ကမ်းကျေးရွာကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထွက် ပြေးသွားပြီး ကားနှင့်အတူ ကားပေါ်တွင် ပါလာသည့် ပြည်သူ့စစ်ဝတ်စုံများ၊ ပြည်သူလူထုနေအိမ်များအတွင်းမှ ခိုး ယူလာသော ပစ္စည်းများနှင့် ငွေသားတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မတ္တရာမြို့နယ်၊ မြစ်ကမ်းရွာကို မီးရှို့ပြီးအပြန် ကိုရင်တောင်ခြေ မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကားပေါ် မှာပါလာတဲ့ စစ်ခွေးတွေ ဝရုန်းသုံးကားထွက်ပြေးကြတယ်၊ ပစ္စည်းတွေကို မယူဘဲ ထွက်ပြေးတာ ပစ္စည်းတွေ အများကြီး သိမ်းဆည်းရရှိခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article