27 C
Yangon

ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်း

Must read

ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်ပကဖမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ခမောက်ကြိးမြို့နယ် ၊မာရမ်းကျေးရွာ၊ ရဲသတင်းတပ်ဖွဲ့ (Special Branch) ၊ မာရမ်းတပ်ဆွယ်၊တပ်ဆွယ်မှူး တပ်ကြပ်နေစိုးဦးနှင့် ဖခင် ဦးစိုးတင့်တို့သည် အိမ်စီးကားဖြင့် ဆိပ်ဖူးကျေးရွာတွင် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများကို လစဉ်ပုံမှန်ရဲကြေးများပေးဆောင်ကြရန် ဖိအားပေးပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ဆိပ်ဖူးကျေးရွာမှ မာရမ်းကျေးရွာသို့အပြန် နံနက် ၁၀ နာရီ

၄၀ မိနစ် အချိန် ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဆောင်းဦးစစ်ဆင်ရေး ၏ စစ်အာဏာသိမ်းသုံးနှစ်ပြည့်အထိမ်းမှတ်အဖြစ် စောင့်ကြိုတိုက် ခိုက်ရှင်းလင်းခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် နေစိုးဦးနှင့် ဖခင် ဦးစိုးတင့်တို့ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါအိမ်စီးကားထံမှ 380 ပစ္စတိုတစ်လက်၊ 380ကျည် ၉ တောင့်၊ ၉ မမ ကျည် ၅တောင့်၊လက်ထိပ်တစ်စုံ၊ ဖုန်းသုံးလုံး၊ နာရီ ၂ လုံး၊ထိုင်းငွေ ၁၁၇၀ ဘတ်၊ မြန်မာငွေ ၃၅၀ကျပ် နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီထောက်တိုင်များ ပျူစောထီးများ စစ်ကောင်စီ၏သတင်းပေးသူလျှိုများကို ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆက်လက် ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article