25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

– မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။

– မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေး အတူတကွတိုက်ပွဲဝင်ကြဖို့ NUCC ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ KNU ဗဟိုတွဲဘက်အတွင်းရေးမှူး ၂လည်းဖြစ်သူ ပဒိုစောလှထွန်းက တိုက်တွန်းပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article