25 C
Yangon

ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

Must read

ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU-ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ် မှ Yak – 130 Jet Fighter ဖြင့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်း အတွင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ကျိုက်ဒုံမြို့ အခြေစိုက် ဗျူဟာက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့အနီး ပိုးရေးကျေးရွာနေ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article