25 C
Yangon

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား ၁၀ ဦးခန့် သေဆုံး

Must read

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား ၁၀ ဦးခန့် သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်း ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲဒီစခန်းမှာ စစ်သား အင်အား ၅၀ ကျော် ၆၀ ဝန်းကျင်လောက်ရှိတယ်။ စခန်းကို တိုက်ခိုက်တော့ စစ်တပ်ဘက်က ၁၀ ဦးကျော်လောက်တော့ သေတယ်။ ကျန်တာတွေတော့ အကုန်ထွက်ပြေးတယ်။ နန့်တိန်းစခန်းက ဖားကန့်နဲ့ ၁၅ မိုင်လောက် ဝေးတယ်။ မနေ့ညနေပိုင်းမှာ တိုက်ပြီး ည ၈ နာရီကျော်လောက်မှာ သိမ်းလိုက်တာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article