25 C
Yangon

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ

Must read

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း KIA ၏ ထုတ်ပြန်ချက်နှင့် KIA သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ယင်းနန့်တိန်းစခန်းတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်မှ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article