25 C
Yangon

တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာ အနီးတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦးအပါအဝင် ၂၂ ဦးသေဆုံး

Must read

တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာ အနီးတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦးအပါအဝင် ၂၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီးတွင် တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အရာရှိ ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီး ၅ မိုင် ၆ မိုင်ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် မှ လေကြောင်း ပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၅ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး အဆင့်ရှိ ၁ ဦးနှင့် အရာရှိ ၅ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂၂ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်ပစ်ဗုံး တစ်လုံး၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၅၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ဖြစ်သည့် မြိတ်ခရိုင်တပ် ရင်း၂ ၊ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိဖြစ်ပေါ်နေသော စစ်ရေး အခြေအနေအရ ဒေသနေ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေ ထိုင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article