23.9 C
Yangon

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက် ညနေ ၅ နာရီ ၄၇ မိနစ်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာရှိ စစ်တပ် အထိုင်စခန်းနေရာများကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာ Drone Force ၊ မုံရွာခရိုင် တပ်ရင်း ၈ Farmers Revolution Force နှင့် မတ္တရာမြို့နယ် (ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည်များ ကို နယ်မြေဒေသ ကာကွယ်ရေး အဖွဲ့များက ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Regional Friend Fighters -RFF အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝမ်ပေါင် ကုမ္ပဏီ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဝမ်ပေါင် ကုမ္ပဏီမှ မိုးကြိုး ဆာလဖြူရစ် အက်စစ် စက်ရုံအထိ မုံရွာ-ပုသိမ် လမ်းအတိုင်းလုံခြုံရေးကင်းများ ချထားရန် ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းကွင်းများ ဆင်ကာ နံနက် ၈ နာရီ ၄၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး ထိမှန်ခဲ့ပြီး မိုင်းထိမှန်သော စစ်ကောင်စီ တပ်သား ၂ ဦး၏ သွေးကွက်များကို မြေ၊ သဲများဖြင့် ဖုံးအုပ်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ ၃၆ နှင့် ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ (Regional Friend Fighters -RFF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article