တောင်သာမြို့နယ်တွင် ဆက်ကြေး ကောက်နေသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိတ္ထီလာ – တောင်သာလမ်းပိုင်းတွင် ဆက်ကြေးကောက်နေ သည့် ရဲ ၄ ဦးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပုဂံ ပြည် ဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၃ နာရီအချိန်တွင် တောင်မြို့နယ်၊ ရုံးစင်ကြီး ရဲစခန်းမှ ရဲ ၄ ဦး သည် မိတ္တီလာ – တောင်လမ်းမပေါ်သို့ တက်၍ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေး ကောက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ မလှိုင်မြို့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
“၂ ကောင်ကတော့ နေရာမှာပဲ ပွဲချင်းပြီးသေတာ၊ ကျန်တဲ့ ၂ ကောင်ကတော့ ဆန့်ငင် ဆန့်ငင်ဖြစ်နေ တဲ့အချိန် လမ်းပေါ်ဖြတ်သွားတဲ့ ကားတစ်စီးကို ချောဆွဲပြီး မလှိုင်ဆေးရုံကို သယ်သွားတယ်၊ ဆေးရုံ ရောက်တဲ့ ၂ ကောင်လဲ သေဖို့ ၉၉ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်၊ သေတော့မသေသေးဘူးတဲ့၊ အခြေအနေကတော့ မကောင်းဘူးလို့ ပြောပါတယ်” ဟု ပုဂံ ပြည် ဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ BGF နှင့် ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ – ပုဂံပြည်ဘီလူးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားညီနောင် LPDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သား၊ ရဲပူးပေါင်းအထိုင်ချထားသည့် ဆားတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ၄ လုံးမှာ စစ်ကောင်စီတပ်သားများ နားခိုရာ ဘန်ကာအတွင်း တည့်မတ်စွာ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
“ဒီနေ့ နေ့လည် ၂ နာရီလောက်က ဆားတောင်းမြို့စခန်းကို ၄ လက်တစ်စီးရယ်၊ မောင်းသူမဲ့လေ ယာဉ် ၂ စီးရယ်၊ စုစုပေါင်း ဗုံးသီး ၅ လုံးချခဲ့တာ၊ ၄ လုံးကွဲတယ်၊ တစ်လုံးကတော့ မကွဲဘူး၊ အဲဒီ ၄ လုံးက ဘန်ကာထဲတည့်တည့်ကျတယ်ဗျ၊ စခန်းဘန်ကာထဲ တည့်တည့်ကျတယ်၊ ထိခိုက်မှုတော့ များ တယ်ဗျ၊ ဆေးကုသမှုတော့ခံယူနေတယ်၊ အသေအပျောက်ကတော့ရှိနိုင်တယ်ဗျ၊ စခန်းထဲမှာတင် ဖြစ်နေကြတာဆိုတော့၊ ကျနော်တို့ကို ၈၁ မမ လက်နက်ကြီးတစ်လုံးကောင်တာပြန်တယ်” ဟု ကျား ညီနောင် LPDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားညီနောင် -Tiger Brother LPDF ၊ Ngwe Dwin Revolution Force ၊ တွေ့မရှောင် ၊ တံတားညီနောင် ၊ Buffalo Soliders Freedon Force ၊ Northern Tigers Group (NTG) ၊ ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Farmer Heros (Khin U) ၊ Magic Dragon ၊ BGS အရာတော် Drone Force ၊ Ayadaw Rocket၊ ရွာသာကြီးတိုက်နယ်ပကဖ အင်အားစုနှင့် ဝက်လက် မြို့နယ် အနောက်ခြမ်း ပလဖ အဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။