27 C
Yangon

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ

Must read

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြိုကြား ကြိုကြား တိုက်ခိုက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် သတင်းနှင့် ထောက်လှမ်းရေးတာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ချပ်ကြီးကျေးရွာမှ အင်အား ၁၅၀ ခန့်ဖြင့် ကန့်ဘလူမြောက်ဘက်သို့ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းသည် ကျေးရွာ များကို ဝင်ရောက်ခြင်းမရှိဘဲ တောတောင်ခြုံတောများအတွင်းမှ စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ထို့ကြောင့် ကန့်ဘလူ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အခွင့်အရေးရသည့်နေရာမှ ကြိုကြား ကြိုကြား ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“နှစ်ကြောင်းထွက်တာ၊ ကန့်ဘလူချပ်ကြီးရွာကနေ ထွက်တဲ့ခွေးကြောင်း၊ လိုက်တုန်းရှိသေးတယ်၊ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလို့၊ မြောက်ဘက် တပ်ကုန်း၊ဆားကျင်း၊ လှည်းပွဲ၊ ပင့်သာ၊ ဇီးကုန်းရှိ မယ်၊ အဲဒီဘက်တွေပေါ့၊ အခုကတော့ ခြုံတောတိုးနေတုန်းပဲရှိသေးတယ်၊ ချပ်သင်းကိုသွားကူမလားဆို တာတော့အတိအကျမပြောနိုင်သေးဘူး၊ ကြားမှာက ချပ်သင်းခွေးကုန်းရယ်၊ ကိုးတောင်ဘို့ခွေးကုန်း ရယ်ကျန်သေးတယ်လေ၊ကျနော်တို့အယူအဆကတော့ လက်ရှိသူတို့ ဟောင်ဝှစ်ဇာထိုင်ထားတဲ့နေရာ က တစ်နေရာရယ်၊ အခုချက်ကြီးနေရာတစ်နေရာရယ်၊ ချပ်သင်းနေရာတစ်နေရာရယ်ဆိုတော့ ကြားကို တောက်လျှောက်ကြီးခါးဖြတ်ချင်တဲ့သဘောလားတော့ မပြောတတ်သေးဘူး၊ ကောလင်းကို ကူနိုင်တဲ့ ကြားရွာတွေကို ဝင်မွှေပြီးတော့ ထိုင်ချင်လို့လား မပြောတတ်သေးဘူးဗျ၊လက်ရှိအခြေအနေ ကတော့ ကျနော်တို့ဘက်က လက်ဦးမှုရတဲ့နေရာလေးကနေ ဝင်ပစ်လိုက်၊ ပြန်ဆုတ်ပေးလိုက်နဲ့ ကြိုကြားကြိုကြားဖြစ်တာတော့ရှိတယ်၊ အပြင်းအထန်ဖြစ်တာတော့မရှိသေးဘူး” ဟု ကန့်ဘလူမြို့ နယ် သတင်းနှင့် ထောက်လှမ်းရေးတာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article