25 C
Yangon

စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယခုနှစ်အတွင်း ပြီးမြောက်နိုင်မည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်

Must read

စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယခုနှစ်အတွင်း ပြီးမြောက်နိုင်မည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာပြည်သူလူထု တစ်ရပ်လုံးလိုလားသော စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယခုနှစ်အတွင်း ပြီးမြောက်နိုင်မည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညပိုင်း ထုတ်ပြန်သည်။

ယခုနှစ်သည် တရုတ်လူမျိုးများ၏ နှစ်ဟောင်းမှ နှစ်သစ်သို ကူးပြောင်းမည့် “အထွတ်အမြတ်နဂါးနှစ်” ဖြစ်ကြောင်း၊ နဂါးနှစ်၏ ထူးခြားသောဝိသေသများနှင့် ပျော်ရွှင်မှုများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသောဆန္ဒနှင့် ထပ်တူကျလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် “မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒ” ဖြစ်သော “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” သည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ကြောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နိုင်ငံ၏ ညှိနှိုင်းပေးမှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်အဖွဲ့ (MNDAA) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား အပစ်အခတ်ရပ်စဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ကိုးကန့်ဒေသတွင် MNDAA တပ်ဖွဲ့များ ကင်းလှည့်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article