ရန်ကုန်တွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊ Busကားများပေါ်နှင့် နေရာအနှံ့အပြားတွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) က စာသင်ကျောင်းများသည် ‘စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ‘ ၊ ‘ငါတို့ကလေးတွေကို စစ်လေယာဉ်တွေသုံးပြီး သတ်နေတယ် ခင်ဗျားတို့ရပ်ကြည့်နေမှာလား ‘ စသည့် ရုပ်ပုံများကိုင်ဆောင်ကာ လှုံ့ဆော်မှုပြုလုပ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး Stickerများကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

