30 C
Yangon

ရှားတောမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ အလုံးစုံ သိမ်းပိုက်ရရှိ၊ တိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးပြီး ဗျူဟာမှူး အပါ အဝင် တပ်သား ၂၉ ဦးအရှင် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

Must read

ရှားတောမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ အလုံးစုံ သိမ်းပိုက်ရရှိ၊ တိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးပြီး ဗျူဟာမှူး အပါ အဝင် တပ်သား ၂၉ ဦးအရှင် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကရင်နီပြည်နယ်၊ ရှားတောမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးပြီး ဗျူဟာမှူး အပါအဝင် ၂၉ ဦးအရှင်ဖမ်းမိကာ စစ်ကောင်စီ တပ်သား မိသားစုဝင်များ၊ ကလေးငယ်များအပါအဝင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိထားကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည် ပြု ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်က ရှားတောမြို့ရှိ လက်ကျန်ဗျူဟာကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင် စီတပ်သား ၄၀ ခန့်ကျော်သေဆုံးပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား ၂၉ ဦးအရှင်ဖမ်း မိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အမျိုးသမီးများ၊ ကလေးငယ်များ လည်း ဖမ်းဆီးရရှိသူများထဲတွင် ပါဝင်ကြောင်း သိရသည်။

“မနေ့က နံနက် ၆ နာရီ ၇ နာရီလောက်မှာရတယ်၊ စေတီကုန်းပေါ်မှာပဲ စစ်ကောင်စီ စစ်သားတွေ အကုန်လုံး ၄၀ လောက် တော့ ကျသွားတယ်၊ ၂၉ ယောက်က အရှင်မိတယ်၊ စုစုပေါင်း မိသားစုဝင် တွေ ကလေးငယ်တွေရော လူ ၈၀ လောက်ပေါ့၊ အဲဒီစေတီကုန်းမှာ စုနေကြတာလေ၊ ဘေးပတ်လည်မှာ မနေနိုင်တော့တဲ့ အခါကျတော့ စေတီကုန်းမှာပဲနေတော့ ရိက္ခာကလည်းပြတ်၊ လက်နက်ခဲယမ်း လည်းပြတ်၊ နောက်ပြီးတော့ သောက်သုံးရေကအစ ပြတ်တောက်တော့ မနေ့က ပြည်ထောင်စုနေ့ တက်ရှင်းတဲ့အခါမှာ ၆ နာရီ ၇ နာရီလောက်မှာ ရလိုက်တာ၊ လက်နက်တွေကတော့ မိသားစုမပါ သူတို့လူရှိတဲ့အရေအတွက်အတိုင်းအကုန်ရလိုက်တာပေါ့၊ အလောင်းတွေက အပုတ်အပွတွေလည်း ရှိတယ်ပေါ့၊ ၂၉ ယောက်ကတော့ အရှင်မိတယ်လေ၊ ကျန်တဲ့ဟာတွေက မိသားစု၊ အမျိုးသမီးတွေ တွေ့ရတယ်၊ နောက်ပြီးတော့ ကလေးငယ်တွေလည်းပါတယ်။ ဗျူဟာမှူးကတော့ အရှင်မိမမိတော့ ကျနော်မသိဘူး၊ သူတို့ပို့တဲ့ ပုံတဲ့ထဲမှာတော့ ဗျူဟာမှူးရဲ့ ယူနီဖောင်းတွေ့တယ်လေ၊ မနေ့က မနက် ကတော့ ဗျူဟာမှူး ဒဏ်ရာရတယ်လို့ သိရတယ်၊ အခုတော့ သေပြီလား၊ ရှင်သေးလား အတည်ပြုလို့ မရဘူး။ ရှားတောမြို့ကတော့ သိမ်းနိုင်ပြီ ပေါ့” ဟု ကရင်နီ စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာ ရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းပြင်းမြို့နယ်အခြေစိုက် ခလရ ၂၄၉ တပ်ရင်းမှ ရဟတ်ယာဉ် ၃ စီး ဖြင့် ရှားတော့မြို့ရှိ အဆိုပါ စစ်တပ်ဗျူဟာကုန်းသို့ စစ်ကူအင်အား ၆၄ ဦးပို့ဆောင်ခဲ့သည့် စစ်ကြောင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင် စီတပ် သား ၄၀ ကျော်သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article