36 C
Yangon

မံစီမြို့နယ် ဂျယ်အိုးရွာအဝင် တံတားကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲဖျက်ဆီး

Must read

မံစီမြို့နယ် ဂျယ်အိုးရွာအဝင် တံတားကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဂျယ်အိုးရွာအဝင်ရှိ တံတားကို အကြမ်း ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီ ကြားအချိန် စစ်တပ်၏ တိုက်လေယာဉ် ၃ စီးက ဂျယန်အိုးကျေးရွာအဝင် ရွာ တံတားကို လာရောက်ဗုံးကျဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုံးကျဲဖျက်ဆီးခဲ့သည့် ဂျယ်အိုး ရွာအဝင်ရှိ တံတားသည် ပြည်သူများ သွားလာဖြတ်သန်းနေသော တံတားဖြစ်ပြီး မည်သည့်အတွက်ကြောင့် တံတားကို ဖျက်ဆီးသည်ကို မသိရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ တံတားပျက်စီးသွား၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရသည်။

“ကုန်သွယ်ရေးနဲ့ သွားလာရေး တော်တော်ခက်ခဲသွားပြီ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article