မြိုင်၊ ပခုက္ကူမြို့နယ်တို့ရှိ စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းသို့ လှည့်လည်နေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီအထိ မြိုင်မြို့နယ်၊သံပုရာခြံရွာနှင့်ကျောင်း ကုန်းရွာ သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို Fixed wings Drone အသုံး ပြု ပြီး အီနာဂါဗုံးသီး ၁၅ လုံး ကျချကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ N.Ysoပြောက်ကျားတပ်ဖွဲ့၊ DMG (ဓားမင်းကြီး) ၊ အညာမြေ ပြောက်ကျား တပ်ဖွဲ့နှင့် ဆင်ရိုင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တောရွာနှင့် ညောင်လှကျေးရွာတို့ရှိ အကြမ်းဖက်စစ် တပ်ဂိတ်တို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၃ ရက် နေ့ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို အီနာဂါ ဗုံးသီး ၁၀ လုံး၊ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်၊ ညောင်လှကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို Fixed Wings ဒရုန်းများဖြင့် အီနာဂါဗုံးသီး ၁၅ လုံးတို့လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ N.Yso ပြောက်ကျားတပ်ဖွဲ့၊ Black Cobra ၊ Pakokku Thurian ၊ ကမ္မတပ်ပေါင်းစု နှင့် DMG (ဓားမင်းကြီးတပ်ဖွဲ့) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
