24.9 C
Yangon

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နိုင်ရန် အထူးကု ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

Must read

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နိုင်ရန် အထူးကု ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်မှုမရှိသည့် ကျန်းမာရေးဝန်ထမ်းများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် မတ်လ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အတွင်း ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ၊ တိုင်းရင်းဆေးပညာဆိုင်ရာ ဒီပလိုမာ/ဘွဲ့ ရရှိသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

လျှောက်ထားသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံဖွားဖြစ်ရမည် ဖြစ်ပြီးကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော ရက်များအတွင်း နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရွေးချယ်ခံရသူများသည် တာဝန် ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း လူမှု ဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article