28 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KUN-ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမ ဖြင့် ချုံအင်းကျေးရွာ နှင့် ကညင်ကျိုးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကညင်ကျိုး ကျေးရွာမှ မောင်စန်းအောင်၏ နေအိမ်ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး မောင်စန်းအောင်၏ နေအိမ်ရှိ ပုဇင်း ၁ စီး၊ ဆိုလာပြား ၁ ချပ် ပျက်စီးခဲ့ပြီး

မယုမော် ၄၂ နှစ်သည် ကျည်စထိမှန် သေဆုံးခဲ့ပြီး မောင်စန်းအောင် ၄၁ နှစ်၊ ယွန်းယွန်း ၈ နှစ်၊ မိမာ ၁၃ နှစ်၊ ကလားလေး ၁၄ နှစ်၊ ရွှေလှဝန် ၄၅ နှစ်တို့ လက်နက်ကြီးကျည်စထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၉ နာရီခန့်တွင် ခမရ-၂၆၄ က လက်နက်ကြီး ၁၅၅ မမ ဖြင့် နတ်သံကွင်းမြို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ည ၉ နာရီ ၂၁ မိနစ်ခန့်တွင် လက်နက်ကြီး ၈၁ မမ ၅ လုံး ခင်ကန့်လန့်ကျေးရွာကို ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာမှ တီးဘူလူ၏နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲ ပြီး တီးဘူလူ၏နေအိမ်ပျက်စီးပြီး မယဉ်ဒွေး ၈၅ နှစ် ကျည်စထိမှန် သေဆုံးကာ မကြူကြူ ၄၄ နှစ် ကျည်စ ထိမှန် ဒဏ်ရာရရှိပြီး နွား ၃ ကောင်လည်း ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article