37 C
Yangon

ရေးတံတားကြီးဂိတ်အနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သားများ ထိခိုက်သေ ဆုံးမှုရှိ

Must read

ရေးတံတားကြီးဂိတ်အနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု စစ်သားများ ထိခိုက်သေ ဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီး ဂိတ်အနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နေ့အချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်ဖြင့် ရေးတံတားကြီး အနီး၊ အောင်ဘုတ်ရွာထိပ် ဆီဆိုင်နောက်ကျောတွင် တပ်စွဲထားကြောင်း၊ ထို့ကြောင့် Fixed Wings Drone ဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများများ ထိ ခိုက်သေ ဆုံး မှုရှိပြီး Win Petrol ဆီဆိုင်သို့ လူနာတင်ယာဥ် ၂ စီးဖြင့် လူနာများ လာရောက် သယ် ထုတ် သွားကြောင်း၊ သေဆုံးနှင့် ထိခိုက်စာရင်းအတိအကျသိရှိနိင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရ သည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရခြင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ် သားများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက် တိုက် ပစ်ခတ်မှု၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဝဲပေါင်နှင့် ကျုံလောင်းကြားသို့ လက်နက်ကြီးဖြင့် ၁၅ ကြိမ်ခန့်ပစ်ခတ်ခိုက်နေမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာ များအတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းတပ်ခွဲများဖြစ်သည့် ရေးပြောက် ကျားတပ်ခွဲ ဒေါနတပ်ခွဲ ၃ ၊ ဝေဟင် ဒေါနတပ်ခွဲ ၆ ၊ ကံပေါက်တပ်ခွဲ ဒေါနတပ်ခွဲ ၄ ၊ မွန် ပြည်နယ်အခြေပြုတော်လှန်ရေး အဖွဲ့ အစည်း MSRO ဒေါနတပ်ခွဲ ၅ ၊ ‌ရေးသိမ်းငှက်၊ YDF၊ ပူးပေါင်းမဟာမိတ် YAF၊ မွန်ပြည်တော်လှန်ရေး တပ် MSRF နှင့် ABSDF တပ်ရင်း ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article