ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ ၏ကြေညာချက်ကို ကြိုဆိုပြီး ကျန်ရှိနေသော တိုင်းရင်းသား အင်အားစုများကို ဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကမ်းလှမ်းလိုက်သည်။
အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှု ကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလား တောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင် တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲအစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူပေါင်းလက်တွဲပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုသို ထုတ်ပြန်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက် ဝမ်းသာစွာ ဂုဏ်ပြု ကြိုဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား မွန်တော်လှန်ရေး သမိုင်းတွင် မော်ကွန်းသစ် ရေးထိုးလိုက်သည့် နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်အပ်ကြောင်း NUG က ကြိုဆိုထားသည်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင် ပပျောက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လေးနက်စွာ ကတိပြုကြောင်း NUG အစိုးရက ပြောဆိုထားသည်။
တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် တိုအတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် NUG က တိုက်တွန်း ဖိတ်ခေါ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar