30 C
Yangon

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းမိ

Must read

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးကို လက် နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PNLA)က ပြောသည်။

ယမန်နေ့‌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (သထုံႏပေႏ)ဆီဆိုင် မြို့နယ်နှင့် ဟိုပုံးမြို့ နယ်တွင် ပအိုဝ်း အ မျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က လုံခြုံ ရေး ဆိုင်ရာ လှုပ်ရှားမှု ပြုလုပ်ရာ စစ်ကောင်စီ နှင့်လက်အောက်ခံပြည်သူ့စစ်များက ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အလားတူ သထုံႏပေႏ(ဆီဆိုင်)မြို့မြောက်ဘက် တနေရာတွင်လည်း စစ်ကြောင်းထိုးရန် ကြိုးစား သည့် စစ်ကောင်စီနှင့် လက် အောက်ခံပြည်သူ့စစ်အဖွဲ့ကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (PNLA)မှ တားဆီးရာ ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များထံမှ ၆၀ မမပြောင်းတို ၁ လက် နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများကို လက်နက်ကြီး အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article