36 C
Yangon

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးစခန်းနှင့် ကင်းပတ်နေသော စစ်ကြောင်းကို တိုက်ခိုက်

Must read

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးစခန်းနှင့် ကင်းပတ်နေသော စစ်ကြောင်းကို တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး ကင်းပတ်ရန်ထွက်လာ သော စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်မှ မှ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန်အထိ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျူရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ နေထိုင်လျက်ရှိသော နေရာများကို”Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဗုံး ၇ လုံး ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစခန်းမှာက ခဲယမ်းတွေ ဖြည့်ထားတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ် တယ်။ ဒရုန်းနဲ့ ဗုံးကျဲတာမှာ ထိခိုက်သေဆုံးမှုကတော့ရှိနိုင်ပေမယ့် နယ်မြေအခြေနေကြောင့် စုံစမ်းလို့မရဘူး။ အဲဒီရွာတွေ က ခွေးသေလည်း မသိရတာများတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မလွင်ဂူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ကံကြီးကုန်းပျူစောထီးကျေးရွာမှ ညပိုင်း လုံခြုံရေး ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးကို အသင့်ထောင်ထားသော တိုက်မိုင်းဖြင့် မိုင်းခွဲတိုက်ခိက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ညနေပိုင်းမှာ ညပိုင်း ကင်းပတ်ဖို့ထင်တယ်၊ ရွာထဲကထွက် ၁၀ ကောင် ထွက်လာတယ်၊အဲဒီ ခွေး ၁၀ ကောင်စလုံး နယ်မြေခံ ပကဖတွေ ထောင်ထားတဲ့ တိုက်မိုင်းမိတာ၊ အသေကတော့ရှိမှာ၊ မြင်နေ ရတယ်၊ တိုက်မိုင်းတွေက တိုက်မိရုံနဲ့ တစ်ခါတည်းကွဲတာ” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မလွင်ဂူးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ ချောက် PDF၊ မုံရွာ ခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ Justice Warriors Forces ၊ MGN – 35 နှင့် နယ်ခံပကဖ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ‌ အောင်မြင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article