35 C
Yangon

ဝမ်းတွင်းတွင် လူငယ်များကို စစ်တပ်ထဲဆွဲသွင်းနေသူ ပျူစောထီးနှင့်ပြည်သူ့စစ်ခေါင်းဆောင် နန္ဒာကျော် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိသော်လည်း ကော်စေ့သေနတ်ဖြစ်နေ

Must read

ဝမ်းတွင်းတွင် လူငယ်များကို စစ်တပ်ထဲဆွဲသွင်းနေသူ ပျူစောထီးနှင့်ပြည်သူ့စစ်ခေါင်းဆောင် နန္ဒာကျော် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိသော်လည်း ကော်စေ့သေနတ်ဖြစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်ထဲ ဆွဲသွင်းနေသူ ပျူစောထီးနှင့် ပြည်သူ့စစ်ခေါင်းဆောင် နန္ဒာကျော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဝမ်းတွင်းမြို့တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော WTRFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပျူစောထီးနှင့် ပြည်သူ့ စစ်ခေါင်းဆောင် နန္ဒာကျော် သည် တော်ဝင် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် WTRFတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ နန္ဒာကျော်က လူငယ်များကို စစ်တပ်ထဲ ဆွဲသွင်းခြင်း၊ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင် ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“သေနတ်တကားကားနဲ့ သူ့ကိုယ်သူ ဗိုလ်လေးဆိုပြီး လူတကာကို အနိုင်ကျင့်တယ်။ ရွာတွေဘက်မှာ စစ်တပ်အတွက် လူလိုက်စုပေးနေတဲ့ ပျူခေါင်းဆောင် နန္ဒကျော် ကို အခုမနက်မှာပဲ တော်ဝင် လဖက်ရည်ဆိုင်မှာ ရှင်းလင်းလိုက်ပါတယ်။ စစ်တပ်ထောက်ခံပွဲ တွေလုပ်တယ်။ စစ်တပ်ကို အဓိက ကူညီနေတာ” ဟု WTRF တာဝန်ရှိသူက ရှင်းပြသည်။

ဝမ်းတွင်းမြို့နယ်တွင် လက်ရှိ စစ်ကောင်စီက ထုတ်ပြန်သော စစ်မှုထမ်း ဥပဒေကို အသုံးပြု၍ ကျေးရွာအသီးသီးမှ လူငယ်လူရွယ်များကို စစ်တပ်ထဲ ဆွဲသွင်း စည်းရုံးလုပ်ဆောင်နေသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း WTRFက သတိပေးသည်။

စစ်ကောင်စီအတွက် လိုက်ပါဆောင်ရွက်သူ၊ ပူးပေါင်းဆောင်ရွက်သူမှန်သမျှကိုလည်း WTRF အဖွဲ့က ပြည်သူ့ဆန္ဒအတိုင်း အပြစ် ပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း စစ်တပ်နှင့်စစ်ကောင်စီဒေါက်တိုင်များ၏ အနီးအနားတွင် မနေထိုင်ရန် WTRF က မေတ္တာရပ်ခံထားသည်။

“ဝမ်းတွင်းမြို့နယ်ထဲက ပြည်သူ့စစ်အတွက် လိုက်လူစုနေတဲ့ ပျူစောထီး ဒလန်ကောင်တွေအကုန်လုံး စစ်တပ်အတွက် လုပ်ရပ်တွေကို ရပ်တန်းကရပ်ပါ” ဟု WTRFမှ တာဝန်ရှိသူက သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article