26 C
Yangon

ဒီပဲယင်းရှိ စစ်တပ် တပ်စွဲထားသော နေရာများ နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ

Must read

ဒီပဲယင်းရှိ စစ်တပ် တပ်စွဲထားသော နေရာများ နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော အထိုင်စခန်းနှင့် စာရင်းစစ်ရုံး အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက fixed Wings နည်းပညာဖြင့် ဝေဟင်မှ Drop ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး သေဆုံးနိုင်ကြောင်း သိရသည်။

အလားတူ ညနေ၂ နာရီ ၃၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ရေဦးမြို့နယ် အောင်သာကျေးရွာ အတွင်း ဝင်ရောက် ဖျက်ဆီးနေစဉ် fixed Wings နည်းပညာဖြင့် ဝေဟင်မှ Drop ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“မနေ့က ဒီပဲယင်းမြို့မှာရှိတဲ့ စစ်ခွေးတွေကို fixed Wings နဲ့ ချခဲ့တယ်။ ၄ကောင် အပြင်းထန်ဒဏ်ရာရပီး သေဆုံးနိုင်တယ်လို့ သိထားတယ်။ စစ်ခွေ စစ်ကြောင်းကို drop ဗုံးသီး ၁ လုံး ချတာကတော့ အထိခိုက် မသိရသေးဘူး” ဟု မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်)၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ငါးဇွန်(ပ.က.ဖ)၊People`s Dictatorship Revolutionary Force(UG)၊နယ်စည်းမခြား‌‌ေရွှဘိုသား Local PDF အဖွဲ့ နှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article