38 C
Yangon

လောင်းလုံးမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွား

Must read

လောင်းလုံးမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း သတင်းထောက်လှမ်းနေသော ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ရာ သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းခန့်တွင် လောင်းလုံး (ပကဖ) ရဲဘော်များက ကျောက်နီမော်ရွာရှိ အကြမ်းဖက်ပျူစောထီးများ မကြာခဏ စစ်ဆေးလေ့ရှိသည့် ရဲချောင်းလမ်းဆုံ၌ မိုင်းကွင်းချ စောင့်ဆိုင်းနေချိန် ပျူစောထီးတစ်ဦး ရောက်ရှိလာပြီး သတင်းထောက်လှမ်းသောကြောင့် ဖမ်းဆီးစဉ် ၎င်းကိုင်ဆောင်ထားသော လက်လုပ်သေနတ်ဖြင့် ပြန်လည် ခုခံ ထွက်ပြေးသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ပါလာသော လက်လုပ် ပစ္စတို ၁ လက် နှင့် ကျည် တချို့သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မိနစ်ပိုင်း အနည်းအကြာတွင် ရဲချောင်းလမ်းဆုံ အနီးသို့ အကြမ်းဖက် ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများလိုက်ပါလာသည့် ကား ၁ စီးရောက်ရှိလာပြီး လမ်းဆုံနှင့် မလှမ်းမကမ်းရှိ နေအိမ်အရှေ့၌ ရပ်၍ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ၎င်းကားသည် ရဲချောင်း လမ်းဆုံကို ရောက်ရှိလာပြီး ပြန်လှည့် နေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက် ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ချက်ချင်းရောက်ရှိလာသောကြာင်ာ အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး တပ်ဖွဲ့များက 79 MM ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားမှာ ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်၌ ကားမောင်းလာသည့် ပျူစောထီး ကားသမားနှင့် စစ်ကောင်စီတပ်သား ၁ ဦးသာလိုက်ပါလာကြောင်း ထိုအချိန်တွင် ကျန်ရှိနေသော ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများသည် နေအိမ်များအတွင်း စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်း၊ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် ပျူစောထီးနှင့် ရန်သူများဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ဇုန် ၃ ကင်းမြီးကောက်ပြောက်ကျားတပ်စု ၊ ဇုန် ၄ တပ်စု နှင့် ဇုံ ၅ ပင်လယ်ကြယ်တပ်စု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article