28 C
Yangon

မံစီမြို့နယ်၊ ဂျယ်ခမ်းရွာနှင့် သံတံတားရွာကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် အများအပြား ပျက်စီး

Must read

မံစီမြို့နယ်၊ ဂျယ်ခမ်းရွာနှင့် သံတံတားရွာကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်းရွာနှင့် သံတံတားရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဂျယ်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ဗျူဟာစခန်းကို KIA ၊ AA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဂျယ်ခမ်းရွာနှင့် သံတံတားရွာ တို့ကို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ ၂၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်နှင့် KIA ၊ AA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဂျယ်ခမ်း ရွာထဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာ ပြည်သူ ၅ ဦးသေသွားတယ်။ သံတံတားရွာမှာလည်း ဗုံးကျဲတာ ပြည်သူ ၁ ဦးသေတယ်။ ဒီနေ့လည်း တစ်နေကုန် တိုက်ပွဲပြင်းထန်နေတယ်။ ဒီနေ့ဂျက်ဖိုက်တာနဲ့ ဗုံးလာကျဲတာ ၂၆ ကြိမ်ရှိသွားပြီ အိမ်တွေတော်တော်များများပျက်စီးသွားပြီ စာသင်ကျောင်လည်းပျက်စီးသွားတယ်။ အခုလည်း Y-12 နဲ့ ဗုံးကျဲနေတယ်။ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ”ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article