38 C
Yangon

ကံမမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ စစ်ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ကံမမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ စစ်ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်း၊ ကံမမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီး ၁ ဦး ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း (Eagle Force) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ကံမမြို့နယ်၊ ကျောက်မဲကျေးရွာတွင် ထိုင်သော အကြမ်းဖက် စစ်တပ်က လက်နက်ထုတ်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုများကို

အမြဲစောင့်ကြည့် သတင်းပေးနေသော ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် (ခ) ကြက်ကြော်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းမှုအတွင်း လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ပွိုင့် 22 ကျည် ၈ တောင့်၊ လက် ပစ်ဗုံးသီး ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ သက်သေခံကဒ်ပြား ၂ ခု၊ ကားသော့ ၁ ချောင်း၊ ငွေသား ၄၈၀၀၀ ကျပ် နှင့် အိမ်ထောင်စု စာရင်း ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ည ၉ နာရီခန့်တွင် ကံမမြို့နယ်၊ ငမဲကျေးရွာ အုပ်ချုပ်ရေးမှူး အေးဇော် သည် လက်နက်ခဲယမ်းပြုလုပ်သည်ဟု အကြောင်းပြချက်ဖြင့် စစ်သားများကို ခေါ်ကာ ရွာသားများ အား ရိုက်နှက်ခိုင်းခြင်း၊ ကံမမြို့ပေါ် ဗုံးပေါက်ကွဲမူများတွင် ရွာသားများကို စွတ်စွဲသောကြောင့် ရွာသား အများစု ရွာသို့မပြန်ရဲဘဲ တိမ်းရှောင်နေကြရခြင်း၊ ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပေါင်းကာ လောင်း ကစား အလုပ်များ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေခြင်းနှင့် ၎င်းကြောင့် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူ အများအပြားရှိခြင်းတို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကံမမြို့နယ်ထဲမှာ ကျောက်မဲ၊ ငမဲဆိုပြီး ရွာနှစ်ရွာရှိတယ်၊ တစ်ရက်ထဲမှာ ၂ ဖွဲ့ခွဲပြီးတော့ ၇ နာရီ ၅၀ မှာ ကျောက်မဲက ပျူခေါင်းဆောင်ကိုရှင်းတယ်၊ ၉ နာရီလောက်မှာ ငမဲက အုပ်ကြီးအေးဇော်ကို ရှင်းတာပေါ့၊ အုပ်ကြီးမှာက သိမ်းဆည်းရရှိခဲ့တာမရှိဘူး၊ သူ့မှာက လက်နက်တွေဘာတွေမရှိဘူး၊ စစ်ခွေးကားကတော့ ခရီးစဉ်တစ်ခုနဲ့တူပါတယ်၊ ကံမဘက်ကနေပြီးတော့ သရက်ကိုသွားတာ၊ Double Cup ကပ်ပေါ့၊ စစ်စိမ်းရောင်တစ်စီးပေါ့၊ အဲဒီကားကို ပစ်လိုက်တယ်၊ ပစ်ခံရပြီးတော့ ကံမဘက်ကနေ စစ်ကူလာတော့ ပြန်လှည့်တယ်၊ လှည်ပြီးတော့ ကံမဆေးရုံမှာ မရတော့ ဆက် သွား တာ၊ လမ်းမှာသေတယ်လို့ သိရတယ်” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း(Eagle Force) သ တင်း နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ကံမမြို့မှ သရက်မြို့သို့ ထွက်လာသော စစ်ကား ၁ စီးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွား ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း (Eagle Force) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ် က ဆက်လက်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ကံမြို့မှ သရက်မြို့ဘက်သို့ သရက် – ကံမ လမ်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်သား ၈ ဦးခန့်လိုက်ပါလာသော စစ်ကား ၁ စီးကို လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကံမမြို့သို့ ပြန်လှည့်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် -၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (WOLF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် (ခ) ကြက်ကြော်ထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article