35 C
Yangon

ရေးမြို့နယ် ခံသင်းတံတားရှိ စစ်တပ်ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရေးမြို့နယ် ခံသင်းတံတားရှိ စစ်တပ်ဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ခံသင်းတံတားရှိ အကြမ်းဖက်စစ်တပ်၏ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂိတ်စခန်းတွင် ပိုက်ဆံကောက်နေသည့် အကြမ်းဖက်စစ်သားများကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“ပိုက်ဆံကောက်တဲ့ တပ်သား ၄ ဦးကို အပိုင်ပစ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ သေနတ်ဝင်ကောက်ဖို့ လုပ်တာ အထဲမှာ ကွန်မန်ဒိုစိန်ပြောင်းတွေ ထိုင်ထားတာရှိတယ်ဗျ။ ဝင်ဖို့မလွယ်တော့ အဝေးကနေ ကာပစ်ပြီး အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်”ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရနိကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကူပေးခဲ့သော်လည်း ရေးဘီလူးအဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article