27 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးကျေးရွာမှ ပျူစောထီးများ ရွာပြင်ထွက်လာစဉ် တိုက်မိုင်းမိပြီး ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိ ရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးကျေးရွာမှ ပျူ စောထီးများသည် ရွာပြင်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသင့်ထောင်ထား သော တိုက်မိုင်းမိကာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကြွယ်ပုံ ပျူစောထီးကျေးရွာ အ၀င်အထွက်လမ်းပိုင်းများအားလုံးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းကွင်းများ ဖော်ဆောင်ထားရာ မိဘပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းများသို့ သွားရောက်ခြင်းမပြုကြရန် အသိပေးထားသည်။

အာဏာသိမ်းအကြမ်းဖတ်စစ်‌ကောင်စီ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချ‌ခံနေရသော ပျူစောထီးများ အား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားရာ စစ်ကိုင်းမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် စစ် ကောင်စီတပ်သားများ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန် စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Area71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အချိန်က မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်၌ အထိုင်ချတပ်စွဲထားပြီး ကတုတ်ကျင်း၊ ဘန်ကာများဖြင့် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ” Shar Htoo WAW ” နည်းပညာတိုက်ခိုက်ရေး Fixed wings Drone တစ်စီးဖြင့် ပြင်းအားမြင့် အီနာဂါ ဗုံးသီး တစ်လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှကာကွယ်ထားသည့် စွမ်းအားမြှင့် Jammer စနစ်ကို ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ထိခိုက်သေဆုံးမှုကိုသိရှိနိုင် ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Area71 PDF Monywa ၊မုံရွာခရိုင် အမှတ် ၈ တပ်ရင်းဖြစ်သော Farmer Revolution Force (CHU) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article