27 C
Yangon

အရာတော်မြို့နယ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံး

Must read

အရာတော်မြို့နယ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၃၆၉ တပ် မှ အရာတော်ဘက်ကို ထွက်ခွာလားသော အင်အား ၅၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား ၅၀၀၄ တင့်ကားတပ်၏ အနောက်တောင်ဘက် ၁ မိုင်ခန့် အကွာအဝေးရှိ တူးကန် ဘုရားကျောင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ် ၁၉ လက် ၊ လက်နက်ကြီး ၁ လက်ဖြင့် မိနစ် ၃၀ ခန့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ကြားဖြတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲတပ်ကြပ် စောမင်းဦး သေဆုံးပြီး အရာရှိ ၂ ဦးနှင့် တပ်သား ၂ ဦးသည် အရာတော်မြို့ ဆေးရုံကြီးတွင် သေဆုံးကာ တပ်သား ၇ ဦး မှာ ဒဏ်ရာ အပြင်းအထန်ရရှိ၍ အရာတော်မြို့ ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

“အဲ့တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေးတွေဘက်က သတင်းအရတော့ စစ်ခွေး ၅ ကောင်သေတယ်။ မြေပြင် သတင်းအရတော့ ၇ ကောင်လို့ သိရတယ်” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား များသည် အထိနာသောကြောင့် လေယာဉ်ပစ်ကူ၊ ၅၀၀၄ တင့်ကားတပ်မှ လက်နက်ကြီး ပစ်ကူများ တောင်းခံကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး သေဆုံးသွားသော အရာရှိများ ၊ တပ်သားများ သယ်ဆောင်ကာ အရာတော်မြို့ ထဲကို ဝင်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ Special Revolution Force ၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း (၂၇) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင် ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article