25 C
Yangon

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စစ်တပ်က နေ့ခင်းအချိန် ညောင်ပင်ဝိုင်းကျေးရွာထဲသို့ ပေါ်တာဝင်ဆွဲပြီး ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေအပါအဝင် လူငယ် ၅ ဦးကို ဖမ်းခေါ် သွား၊ တပ်ဂိတ်စောင့်ခိုင်းရန်ဟုဆို

Must read

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စစ်တပ်က နေ့ခင်းအချိန် ညောင်ပင်ဝိုင်းကျေးရွာထဲသို့ ပေါ်တာဝင်ဆွဲပြီး ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေအပါအဝင် လူငယ် ၅ ဦးကို ဖမ်းခေါ် သွား၊ တပ်ဂိတ်စောင့်ခိုင်းရန်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စစ်တပ်က နေ့ခင်းအချိန် ညောင်ပင်ဝိုင်းကျေးရွာထဲသို့ ပေါ်တာဝင်ဆွဲပြီး ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေအပါအဝင် လူငယ် ၅ ဦးကို ဖမ်းဆီးခေါ် သွားကြောင်း ကျေးရွာသူကျေးရွားသားများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်အချိန် အမှတ် ၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက နေပြည်တော် ဥတ္တရသီရိမြို့ နယ်၊ မိုးစွေ ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှ လူငယ် ၅ ဦးကို ပေါ်တာဆွဲသွားကြောင်း၊ ပေါ်တာဆွဲခံရသူများမှာ ကိုစန်းပု၊ ကိုမိုးလွင်၊ ကိုကျော်ဆွေ အပါအဝင် လူငယ် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အမှတ် ၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းက နေ့ခင်းအချိန်ကြီး လာဖမ်းခေါ်သွားတာ။ တပ်ထဲဂိတ်စောင့်ခိုင်းဖို့ဆိုပြီးခေါ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ နေပြည်တော်ဥတ္တရသီရိမြို့နယ်အတွင်းတွင် ပြည်သူ့စစ်များ ဖွဲ့စည်းရန် စစ်ကောင်စီက စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခိုင်းမည့် လူစာရင်းများ ကောက်ယူနေပြီး ညအချိန်တွင်လည်း လူငယ်များကိုလည်း ဖမ်းဆီး ခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article