25 C
Yangon

ချောင်းဦးတွင် ရိက္ခာပို့ စစ်ကားများနှင့် ဈေးဝယ် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ချောင်းဦးတွင် ရိက္ခာပို့ စစ်ကားများနှင့် ဈေးဝယ် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရိက္ခာပို့ စစ်ကားများနှင့် ဈေးဝယ် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ချောင်းဦးမြို့နယ် မြပုလဲ စစ်တပ်စခန်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သား ၁၄ ဦးခန့်ကို ချောင်းဦးမြို့ထဲမှ ရိက္ခာပို့ရန် ထွက်လာသော Jammer ကားက လာရောက်ခေါ်ဆောင်ပြီး ရိက္ခာသွားပို့ကာ ပြန်လာစဉ် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားမျုး အသေအပျောက်ရှိနိုင်ပြီး ချောင်းဦးမြို့ကို လက်နက်ငယ်များဖြင့် ပစ်ခတ်သွားကြောင်း၊ စစ်ကားများသည် ချောင်းဦးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို တန်းမဝင်ဘဲ ဆေးရုံကို တန်းသွားကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တောပုရွာမှ ပျူစောထီးများ ဈေးဝယ်ထွက်ပြီး အပြန်၌ ရွာအဝင်အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များပ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက် အတိအကျနဲ့ သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး” ဟု Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA မှဦးဆောင်၍ Chindwin Fighter Group-CFG အဖွဲ့သားများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် ယမန်နှစ်များအတွင်း မိုင်းခွဲခံထားရသည့် စစ်ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article