25 C
Yangon

ကလေးမြို့နယ်ရှိ ကံကြီးနှင့် ကံသာယာ ပျူစောထီးရွာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

Must read

ကလေးမြို့နယ်ရှိ ကံကြီးနှင့် ကံသာယာ ပျူစောထီးရွာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ပျူစောထီးရွာများ ဖြစ်သည့် ကံကြီးရွာနှင့် ကံသာယာရွာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

“ကံ ကြီးရွာ ကံသာယာရွာ နှစ်ရွာကို တော့ အပြီးသိမ်းနိုင်လိုက်ပြီဗျာ။ပုန်းနေတဲ့ ပျူခေါင်းဆောင်တွေကို လိုက်ရှာနေကြတုန်း ပြောတယ်။ကံကြီးရွာမှ ပျူတချိုကို ဖမ်းမိထားပြီး ကျန်တဲ့ ပျူခေါင်းဆောင်တွေကိုတော့ မိတယ်မကြားသေးဘူး”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကံကြီးရွာသည် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ဖွတ်ပါတီခေါင်းဆောင် ရွာအုပ်ကြီးနှင့် ရွာဘုန်းကြီးတို့ ဦးဆောင်ကာ စစ်သင်တန်းပေး၍ ပျူစောထီးဖွဲ့စည်းထားသည့် ရွာဖြစ်ပြီး ကံသာယာရွာရှိ တောင်တန်း သာသနာပြုကျောင်းနေရာကိုလည်း အကြမ်းဖက်စစ်တပ်က အထိုင်ချ တပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article