25 C
Yangon

မြင်းခြံမြို့နယ်၊ ဘေားလုံးကွင်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် မဌေး နေအိမ်အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြင်းခြံမြို့နယ်၊ ဘေားလုံးကွင်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် မဌေး နေအိမ်အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဘောလုံးကွင်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် မဌေးနေအိမ်အပါ အဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်မှ ၂ နာရီ ၁၅ မိနစ်ခန့်အထိ မြင်းခြံမြို့နယ် ၊ ဘောလုံးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါင်းဆောင် မဌေး နေအိမ် ၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ကင်းပုန်းဝပ်နေသည့် သုသာန်သင်္ချိုင်းနှင့် တံတား နေရာတို့ကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်၊ နယ်မြေအခြေအနေ အရ စုံစမ်းလို့ မရတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကောင်တာပြန်ပစ်တာရှိတယ်၊ အဲဒီရွာမှာက အင်အားက သိပ်မများဘူး၊ ဗုံးချ ပြီးတော့ မြင်းခြံကနေ ကား ၂ စီးနဲ့ ချက်ချင်းအင်အားထပ်ဖြည့်တာရှိတယ်၊ ကားနှစ်စီးအပြည့်ပဲ” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း ၊ ချောက်PDF ၊ Golden Eagle ၊ Justice Waerrior Forces နှင့် MGN – 35 တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article