25 C
Yangon

တန့်ဆည်၊ ကံထူးမရဲစခန်းနှင့် စစ်ကူ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

တန့်ဆည်၊ ကံထူးမရဲစခန်းနှင့် စစ်ကူ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို စစ်ကူပေးရန် တန်ဆည်မြို့မှ ထွက်လာသည့် ခမရ ၃၆၁ နှင့် ပျူစောထီး အင်အား ၁၀၅ ဦးပါ စစ်ကြောင်းကို ဝါးရငယ်ရွာ အနောက် ဘက်နှင့် ခရမ်းခြံရွာအနီးအရောက် အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် တပ်ရင်းနှင့် တန့် ဆည်မြို့နယ် ပကဖ တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကံထူးမရွာမှ ထွက်လာသော ခမရ ၁၁၊ ၇၀၈ တပ်ရင်းတို့မှ အင်အား ၅၀ ခန့်ရှိ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ပဲခင်းကြီးရွာအနီးအရောက် အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘို ခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း ရဲတပ်ရင်း- ၁၆၊ ခမရ- ၃၆၁ နှင့် ပျူစောထီး အင်အား ၃၀ ခန့်ရှိ ကံထူးမရွာ ရဲစခန်းအား အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေး မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းရဲစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများကိုင်ဆောင် အသုံးပြုသည့် G-3 သေနတ် ၅ လက်၊ နာနတ်သီးဗုံး ၄ လုံး၊ MA-15 ကျည် ၁၆၃၅ တောင့်၊ ကျည်အိမ် ၁၂ ခု နှင့် ကျပ်ငွေ ၃၈ သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ကံထူးမရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်မှ လာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက ကံထူးမရွာကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ ၁၁၊ ၇၀၈ နှင့် ပျူစောထီး အင်အား ၈၀ ခန့်ကို ရွှေဘိုခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ် ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article